မျှော်လင့်ချက်ကို ရှာဖွေခြင်း

လွန်ခဲ့သောနှစ်များစွာကပင် “မျှော်လင့်ချက်”ဟူသော စကားလုံးသည် အင်တာနက်ပေါ်တွင် ရှာဖွေမှုအများဆုံး စကားလုံးများထဲမှ တစ်ခုဖြစ်ပြီး၊ နိုင်ငံရေးကြွေးကြော်သံ(သို့) အွန်လိုင်းမှ ငွေရှာနည်းများကိုပင် ကျော်လွန်သဖြင့် အံ့ဩစရာဖြစ်သည်။ ပို၍ နက်ရှိုင်းသော ဘဝအဓိပ္ပာယ်ကို လူတို့ရှာဖွေနေကြပါသည်။ မကြာမီ နှစ်များအတွင်း အကောင်းမြင်စိတ်များ ပျောက်ဆုံးပြီး၊ ပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုများ၊ စီးပွားရေး မတည်ငြိမ်မှုများနှင့် ဒစ်ဂျစ်တယ်ခေတ်ရှိ စိုးရိမ်ပူပန်မှုများက သတင်းခေါင်းကြီးပိုင်းနှင့် ကျွန်ုပ်တို့၏စိတ်နှလုံးများကို လွှမ်းမိုးလျက် အရာအားလုံးကို တအုံနွေးနွေး အဆက်မပြတ်ဖြစ်ပေါ်နေသည့် အကြပ်အတည်းပမာ ခံစားရစေသည်။ သို့သော် ဤရုန်းကန်မှုများကြား၌ပင် လူသန်းပေါင်းများစွာတို့သည် ရှုပ်ထွေး ပွေလီမှုကို ကျော်လွန်ပြီး အကူအညီတစ်စုံတစ်ရာ ရသည့်အလား အင်တာနက်၌ “မျှော်လင့်ချက်”ဟူ‌သော စကားလုံးကို ရိုက်ထည့်အဖြေရှာနေကြသည်။

ဘုရားသခင်သည် ရှုပ်ထွေး‌ပွေလီမှုများထက်ကြီးမြတ်သော“အရှင်” ဖြစ်ကြောင်း ရှင်ပေါလုသိနားလည်ခဲ့သည်။ “မျှော်လင့်ခြင်း၏အရှင် ဘုရားသခင်”အကြောင်း(ရော ၁၅:၁၃) သူရေးသားရာ၌ ရောမမြို့ရှိ ယုံကြည်သူများအား ဘုရားသခင်သည် သူတို့၏ မျှော်လင့်ခြင်းအရင်းအမြစ်နှင့် သူတို့မျှော်လင့်အားကိုးရာဖြစ်ကြောင်း…

ရိုးရာအစဉ်လာ၌မဟုတ်၊ ခရစ်တော်၌သာ အပ်နှံရာ

နယူးမက္ကဆီကိုပြည်နယ်၊ ဆန်တာဖေးမြို့တွင် နှစ်စဉ်လူထောင်ပေါင်းများစွာသည် ၎င်းတို့၏စိုးရိမ်ပူပန်မှုများ၊ ငွေတောင်းခံလွှာများနှင့် နောင်တများကို သိပ်ထည့်ထားသည့် ပေ ၅၀ မြင့် ဇိုဇိုဘရာ(Zozobra)ရုပ်သေးရုပ်ကို မီးရှို့ရန် စုဝေးကြသည်။ မီးလျှံများက ၎င်းတို့၏စိုးရိမ်ပူပန်မှုများနှင့် ဒုက္ခများကို လောင်ကျွမ်းပြီး ဘဝကို ပြန်လည်စတင်စေနိုင်လိမ့်မည်ဟု မျှော်လင့်ကာ “သူ့ကို မီးရှို့လိုက်”ဟု အော်ဟစ်ကြသည်။ ဤအစဉ်အလာသည် ကြောက်ရွံ့မှု၊ ရှက်ရွံ့မှု၊ ကျရှုံးမှုများနှင့် ကင်းဝေးလိုသော လူသားများ၏ အလွန်ပြင်းပြသောဆန္ဒကို ထင်ဟပ်စေသည်။ ၎င်းသည် ထူးခြားအံ့ဖွယ်ဖြစ်သော်လည်း မည်သည့်တန်ခိုးမျှ မရှိပါ။ မီးသည် စက္ကူနှင့်ပြာများကို ဖျက်ဆီးနိုင်သော်လည်း အပြစ်ကို မဖျက်ဆီးနိုင်ပါ။ ရှက်ရွံ့မှုကို မဖယ်ရှားနိုင်ပါ။

တမန်တော်ပေါလုက “ခရစ်တော်၏တရားကိုမလိုက်၊ လူအဆက်ဆက်ခံသောနည်းဥပဒေသနှင့် လောကီတရားနုကို လိုက်၍၊ လောကီပညာနှင့် အချည်းနှီးသောပရိယာယ်အားဖြင့် သင်တို့ကို အဘယ်သူမျှ မလုယူမဖျက်ဆီးစေခြင်းငှာ သတိပြုကြလော့”ဟု ရေးသားကာ(ကော ၂:၈)၊ သခင်ယေရှုကို တန်ဖိုးမရှိသောအရာများနှင့် မလဲလှယ်သင့်ကြောင်း သတိပေးသည်။ အကြောင်းရင်းမှာ…

ယုံကြည်ခြင်းအတွက် ရဲရင့်စွာ ရင်ဆိုင်ခြင်း

ဂျပန်နိုင်ငံတွင်ပညာသင်ကြားလျက်ရှိသော ၂၇ နှစ်အရွယ် ကျောင်းသားအား ဖူဂျီတောင်ပေါ်မှ တစ်ပတ်အတွင်း နှစ်ကြိမ်တိုင်တိုင် ကယ်ဆယ်ခဲ့ရသည်။ ပထမ အကြိမ် သူတောင်တက်နေစဉ် အန္တရာယ်ရှိသည့်အခြေအနေကြောင့် သူ့အား လေယာဥ်ဖြင့် ဆွဲထုတ်ကယ်တင်ခဲ့ရသည်။ ထို့နောက် သူ၏ဖုန်းနှင့်အခြားပစ္စည်းများ ကျန်ခဲ့သဖြင့် နောက် ၄ ရက်အကြာတွင် သတိပေးချက်များကို ဂရုမစိုက်ဘဲ တောင်ပေါ်သို့ ထပ်မံတက်သွားရာ၊ အမြင့်၌ လေဖိအားနည်းမှုဒဏ်ကို မခံနိုင်သဖြင့် သူ့အား ဒုတိယအကြိမ် ကယ်ခဲ့ရပြန်သည်။ သူ့အကြောင်းကို သတင်းစာခေါင်းကြီးပိုင်းတွင် အန္တရာယ်ကို သိသိကြီးနှင့် ဝင်တိုးသည့် ဖြစ်လေ့ဖြစ်ထမရှိသောသတင်းအဖြစ် ဖော်ပြခံရသည်။

၎င်းသည် ဝိညာဉ်ရေးရာအမှန်တရားကို ထင်ဟပ်ပေါ်လွင်စေသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကူညီကယ်တင်ခဲ့ပြီးသောနေရာသို့ မကြာခဏ ဦးလှည့်တတ်ကြသည်။ ရှင်ယုဒသည် ထိုစိုးရိမ်မှုကို သူ၏စာစောင်ငယ်တွင် အမိအရဖော်ပြထားသည်။ ဆရာအတုအယောင်များနှင့်အကျင့်စာရိတ္တကို အပေးအယူလုပ်သူများ၏ခြိမ်းခြောက်မှုကိုခံနေရသည့်အသင်းတော်သို့ သူရေးသားသောစာတွင် “ယုံကြည်ခြင်းအတွက် ရဲရင့်စွာ ရင်ဆိုင်တွန်းလှန်ရန်” (၁:၃)၊ မိမိတို့အတွက် သာမက အခြားသူများအတွက်ကိုပါ လုပ်ဆောင်ရန်…

ဘုရားသခင်စိုးစံရာ

၂၀၁၈ ခုနှစ်က လူတစ်ဦးသည် နယူးယောက်ဟိုတယ်ရှိ အခန်းတစ်ခန်းတွင် တစ်ညတာ တည်းခိုခဲ့သည်။ အံ့သြစရာမှာ သူသည် မရှင်းလင်းသော ငှားရမ်းခ ဥပဒေများကို အခွင့်ကောင်းယူကာ တစ်ပြားတစ်ချပ်မှ ထပ်မပေးဘဲ အခန်းကို ငါးနှစ်ကြာ အသုံးပြုခဲ့သည်။ သို့သော် အခန်း မဖယ်ပေးခြင်းကြောင့် အဆုံး၌ ထောင်ဒဏ် ချမှတ်ခံခဲ့ရသည်။

စိတ်ပျက်ဖွယ် ကြာမြင့်စွာ နေထိုင်ခဲ့သည့် အိမ်ငှားကဲ့သို့ပင်၊ ကျွန်ုပ်တို့ သတိလစ်သွားပါက မာရ်နတ်သည် ကျွန်ုပ်တို့အသက်တာ၌ တဝဲလည်လည် ရှိနေမည်ဟု သတိပေးလျက်၊ “မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင်၊ သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်” ဟု ရှင်ယာကုပ်ရေးသားခဲ့သည် (ယာ ၄:၇)။ ကျွန်ုပ်တို့ ၏ရုန်းကန်ရမှုသည် စိတ်နှလုံး၌ နေရာယူနေသည့် မာန်မာန၊ ယုံကြည်ခြင်းနှင့် အလိုဆန္ဒကြား လွန်ဆွဲနေမှု၊ မသန့်ရှင်းသောအတွေး စသည့် မသန့်ရှင်းသော “ကိလေသာကာမစိတ်”နှင့် “ကာမဂုဏ်ခံစားခြင်း”များမှဖြစ်ပေါ်လာကြောင်း(:၁၊၃)၊ ရှင်ယာကုပ်က အလေးပေးဖော်ပြထားသည်။…

တည်ဆောက်ပေးကာ အနာငြိမ်းစေသော ဒဏ်ရာများ

သုတေသနအချက်အလက်များအရ Gen Z(ဂျန်ဇီး)မျိုးဆက်များသည် လိမ်ညာချီးမွမ်းမှုကို တစ်မိုင်အကွာကပင် သိနိုင်စွမ်းရှိသည်။ ရည်ရွယ်ချက်မှာ သနားကြင်နာမှုဖြစ်နိုင်သော်လည်း စစ်မှန်သော လေးစားမှုနှင့် ရိုးသားမှုကဲ့သို့သော ပိုမိုနက်ရှိုင်းသောအရာကို ထိုမျိုးဆက်ဝင်တို့ တန်ဖိုးထားကြသည်။ မြှောက်ပင့် ပြောဆိုခံရရေးကို ရှာဖွေနေခြင်း မဟုတ်ဘဲ သူတို့အား ယုံကြည်ပေးမှုကို လိုလားကြသည်။ အမှန်တရားကို ပြောဆိုသောအခါ သူတို့အား လေးစားအလေးထားသည်ဟု ခံစားရပြီး ကြီးထွားရင့်ကျက်လာရန် စိန်ခေါ်ခံရသည်။ သို့သော် ၎င်းသည် ကျွန်ုပ်တို့အများစုအတွက် မှန်နေနိုင်ပါသည်။

ဆာလံ ၁၄၁:၅ က ဤဉာဏ်ပညာကို ဖော်ပြထားသည်။ “ဖြောင့်မတ်သောသူသည် အကျွန်ုပ်ကို ဒဏ်ခတ်ပါစေသော၊ ကျေးဇူးရှိပါလိမ့်မည်။ ဆုံးမပါစေသော”ဟု ဒါဝိဒ်ရေးခဲ့သည်။ ဘုရားသခင်ထံ ဆုတောင်းရာတွင် သူ့အနေဖြင့် မိတ်ဆွေများက ချစ်ခြင်းမေတ္တာဖြင့်ပေးသော ဒဏ်ချက်များကို ကျေးဇူးပြုမှုအဖြစ် ကြိုဆိုနိုင်ရန် တောင်းလျှောက်ထားသည် (: ၅၊ သု ၂၇:၆ ကိုလည်း ကြည့်ပါ)။ စစ်မှန်သောမေတ္တာသည် ခက်ခဲသည့်တိုင်…

ကျွန်ုပ်တို့ ဆက်လက်ပေါင်းသင်းဆက်ဆံသူများ

သိပ္ပံနည်းကျလေ့လာမှုတစ်ခုအရ စရိုက်ဆိုးယုတ်မာသည့်ဇာတ်ကောင်များပါဝင်သော ရုပ်မြင်သံကြားအစီအစဉ်များကို ကြည့်ရှုခြင်းသည် လူတို့ကို စရိုက်ဆိုးသူများဖြစ်စေနိုင်ကြောင်း ဖော်ပြခဲ့သည်။ ကိုယ်ထိလက်ရောက်တိုက်ခိုက်မှု(သို့) နောက်ကွယ်မှ ကောလာဟလသတင်းလွှင့်ခြင်း စသည့်ရန်လိုသောပုံစံအမျိုးမျိုးသည် ကြည့်ရှုသူများ၏ဦးနှောက်ကို အလားတူပုံစံမျိုးပြုမူရန် သင်ပေးနေသည်။ ဤဆက်နွယ်မှုသည် မကြာခဏပင် မသိစိတ်မှ ဖြစ်လာတတ်ပြီး၊ အခြားသူ၏အားနည်းချက်ကို ပြောဆိုသည့် “အန္တရာယ် မရှိ”ပုံပေါ်သည့် ဟာသများပင်လျှင် အခြားသူများအပေါ် ကျွန်ုပ်တို့၏ ဆက်ဆံပုံကို မသိမသာ လွှမ်းမိုးနိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့အချိန်ပေးပြီး ဆက်ဆံသူများက ကျွန်ုပ်တို့၏အပြုအမူကို ထိခိုက်စေနိုင်ပါသည်။

ရှောလမုန်သည် “ပညာရှိတို့နှင့် ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဘော်သောသူမူကား၊ ပျက်စီးတတ်၏” ဟူသော ထာဝရမြဲသည့် ဉာဏ်ပညာကိုပေးခဲ့သည်(သု ၁၃:၂၀)။ လူတစ်ဦးချင်းစီသည် ဤဉာဏ် ပညာကို ကိုယ်တိုင်တစ်ဦးတည်းမရနိုင်သောကြောင့်၊ မိုက်မဲသူများအစား ပညာရှိပြီး ဘုရားသခင်ကို ရိုသေလေးစားသည့်ဆရာများ၊ မိတ်ဆွေများနှင့် ပေါင်းသင်းသင့်ကြောင်း ညွှန်ပြထားသည်။ ပညာရှိများနှင့် ပေါင်းသင်းဆက်ဆံခြင်းသည် “မျက်နှာရတတ်”ပြီး၊ “ခက်သောလမ်း”ကို ရှောင်ရန်…

လမ်းပိတ်ထားသည်၊ ဝိညာဉ်တော်ပို့ဆောင်သည်

ရှည်လျားသော ခရီးစဉ်တစ်ခုမှ ကျွန်တော်တို့ဇနီးမောင်နှံပြန်လာပြီး ကျွန်တော်တို့ နေထိုင်သည့်လမ်းနှင့် နီးလာသောအခါ “ဖြတ်သန်းသွားလာခွင့်မပြု” ဟူသည့် လမ်းပိတ်ဆိုင်းဘုတ်ကြီးတစ်ခုက လမ်းကိုပိတ်ထားသည်။ အိမ်က ရှေ့နားမှာပင်ဖြစ်၍ ထိုဆိုင်းဘုတ်ကို ပတ်မောင်းသွားချင်စိတ် ပေါ်လာသည်။ လမ်းလွှဲ မောင်းရခြင်းကို ကျွန်တော် မနှစ်သက်ပါ။ သို့သော် ဘာကြောင့် လမ်းပိတ်ထားရသနည်းဆိုလျှင် ဓာတ်ကြိုးတစ်ချောင်း လမ်းပေါ် ပြတ်ကျနေသည်ကို ကျွန်တော် မြင်လိုက်ရသည်။ သတိပေးချက်ကို ကျွန်တော် လျစ်လျူရှုခဲ့ပါက အန္တရာယ်ထဲသို့ မောင်းဝင်မိသွားနိုင်ပါသည်။

တမန်တော်ဝတ္ထု ၁၆:၆-၁၀ တွင် ပေါလုနှင့် သူ၏အဖော်များသည် အာရှိ ပြည်၌ ဧဝံဂေလိတရား ဟောပြောရန် စိတ်ထက်သန်နေကြသော်လည်း သန့်ရှင်းသောဝိညာဉ်တော်က ထိုတံခါးကို ပိတ်ထားခဲ့သည်။ လမ်းလွှဲရခြင်းသည် အမြဲတမ်း ငြင်းပယ်ခံရခြင်း မဟုတ်ပါ။ ၎င်းတို့သည် လမ်းကြောင်းအသစ်သို့ ဘုရားရှင်ပို့ဆောင်ခြင်းများလည်း ဖြစ်နိုင်ပါသည်။ လမ်းပေါ်က လမ်းပိတ်ဆိုင်းဘုတ်ကဲ့သို့ပင်၊ ဘုရားသခင်သည် ပေါလုကို ဗိသုန်ပြည်သို့ မဝင်စေရန် လမ်းလွှဲပေးခဲ့သည်။…

ကျွန်ုပ်တို့မည်သူမည်ဝါဆိုသည်ကို မှတ်မိနေခြင်း

စားသောက်ဆိုင်ဝန်ထမ်းတစ်ဦးသည် အမှိုက်ပုံးဘေးတွင် နေလောင်ဒဏ်ရာ၊ ပုရွက်ဆိတ်ကိုက်ခံရသည့်ဒဏ်ရာနှင့် ပြင်းထန်သော ထိခိုက်ဒဏ်ရာများရှိနေသည့် သတိလစ်နေသော အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့သည်။ သူ့ကိုယ်သူ မည်သူမှန်း မမှတ်မိပါ။ နောက်ပိုင်းမှ သိခဲ့ရသည်မှာ သူသည် ဘင်ဂျမင်ခိုင်(လ်)ဟု အမည်ရှိပြီး၊ မရေမရာ အခြေအနေတစ်ခုတွင် ၁၀ နှစ်ကျော်ကြာ နေထိုင်ခဲ့သည်။ သူသည် အလုပ်မလုပ်နိုင်၊ ထောက်ပံ့ကြေးနှင့်အကျိုးခံစားခွင့်များလည်း မရနိုင်ပါ။ သူစိမ်းတစ်ရံစာများက မျိုးရိုးဗီဇစစ်ဆေးမှုနှင့် စုံစမ်းစစ်ဆေးမှုများမှတစ်ဆင့် သူမည်သူမည်ဝါဖြစ်သည်ကို ပြန်လည်ရှာဖွေတွေ့ရှိရန် ကူညီကြရာ၊ သူ၏ဝေဒနာများ စတင်သက်သာလာသည်။ “ကျွန်တော့်ရဲ့ဇစ်မြစ်သမိုင်းကြောင်းဆိုတာ ရှိတယ်။ ကျွန်တော်က အခြေမဲ့အနေမဲ့တဲ့ သူစိမ်းတစ်ယောက် မဟုတ်ဘူး”ဟု သူက ဆိုသည်။

ကျမ်းစာထဲမှ ရုသ၏ဇာတ်လမ်းကိုလည်း မိမိ၏ဖြစ်တည်မှုကို ပြန်လည်ရှာဖွေတွေ့ရှိခြင်း ပြယုတ်အဖြစ် ရှုမြင်နိုင်သည်။ ခင်ပွန်းသည်ဆုံးပြီး၊ သူ့မွေးရပ်မြေကို စွန့်ခွာလာပြီးနောက် သူမသည် ယောက္ခမဖြစ်သူနောမိအပြင် နောမိ၏ လူမျိုးများနှင့်တစ်သားတည်းဖြစ်ရန် သူရွေးချယ်ခဲ့သည်။ “ကိုယ်တော်သွားလေရာရာသို့ ကျွန်မလိုက်ပါမည်။... ကိုယ်တော်အမျိုးသည် ကျွန်မအမျိုး၊…

ဂုဏ်သိက္ခာရှိရှိ ပြုမူလုပ်ဆောင်ခြင်း

စိတ်နောက်ကျိနေသည့်အခိုက်အတန့်တွင် အိမ်ယာမဲ့တစ်ဦး၏ခွက်ထဲသို့ သူမ၏ မင်္ဂလာစိန်လက်စွပ် ပြုတ်ကျသွားသည်ကို စာရာ မသိလိုက်ပါ။ ထိုလက်စွပ်ကိုလမ်းတကာလှည့်လည်တောင်းစားသူ ဘီလီရေးက ရခဲ့ပြီး၊လက်စွပ်ကို တန်ဖိုးဖြတ်ပြီး ရောင်းစားပစ်ရန် စိတ်ကူးမိသည်။ သို့ရာတွင် သူသည် ရိုးသားမှုကိုရွေးချယ်ခဲ့ပြီး ရက်အနည်းငယ်အကြာ ကာယကံရှင် စာရာရောက်လာသည့်အခါ သူပြန်ပေးလိုက်သည်။ စာရာနှင့်သူမ၏ခင်ပွန်းတို့က ဘီလီရေးအား လှူတန်းရန် ရံပုံငွေကောက်ခံမှုကို စတင်လုပ်ဆောင်ခဲ့ရာ ရက်ရောစွာလှူဒါန်းကြသဖြင့် ငွေများစွာလက်ခံရရှိခဲ့သည်။ ဘီလီရေးသည် ငွေကြေးနှင့် ဥပဒေဆိုင်ရာ အကြံဉာဏ်ရယူကာ နောက်ဆုံးတွင်အိမ်တစ်လုံးဝယ်နိုင်ခဲ့သည်။ ကြာမြင့်စွာ အဆက်အသွယ်ပြတ်ခဲ့သည့် သူ၏မိသားစုနှင့်လည်း ပြန်လည်ပေါင်းစည်းခွင့်ရခဲ့သည်။

ကျွန်ုပ်တို့သည် ဂုဏ်သိက္ခာရှိရှိ အသက်ရှင်ပါက ဘုရားသခင်နှစ်သက်တော်မူပြီး အခြားသူများအတွက်လည်း နှိုးဆော်မှုဖြစ်သည်။ ရှောလမုန်မင်းက သူ၏ ဂုဏ်သမာဓိရှိမှုကို ဘုရားသခင်နှစ်သက်ကြောင်း၊“မုသာသုံးသောနှုတ်ခမ်းသည် ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူဖွယ်ဖြစ်၏။ သစ္စာတရားကို စောင့်ရှောက်သောသူတို့မူကား နှစ်သက်တော်မူဖွယ်ဖြစ်ကြ၏”(သု ၁၂:၂၂)ဟုဆိုခဲ့သည်။ မုသာသုံးသူများကို ဘုရားသခင် “စက်ဆုပ်ရွံရှာ”သည်ဟု ပြင်းထန်သောစကားလုံးဖြင့် ဖော်ပြသည်။ ဘုရားသခင်၏လူတို့က မုသာသုံးခြင်း (သို့) “စိတ်ထဲမှာ လှည့်စား”သောအခါ(:၂၀)၊…

ဘုရားသခင်၏ပြည့်စုံသောသတ်မှတ်ချက်

၁၉၆၀ နှစ်များတွင် အမေရိကန်ပြည်ထောင်စု အစိုးရရုံးအချို့တွင် အသုံးပြုသည့် မင်ကလောင်တံ(ink pen)များကို သတ်မှတ်စံချိန်မီစွာ ကုမ္ပဏီက မထုတ်လုပ်ပေးနိုင်သဖြင့် “General Services Administration (အထွေထွေစီမံအုပ်ချုပ်ရေးဌာန)”က “NIB(National Industries for the Blind) (မျက်မမြင်လုပ်သားများစီမံခန့်ခွဲရေးဌာန)”အား ဘောပင် သန်း ၇၀ ထုတ်လုပ်ပေးရန် အလုပ်အပ်ခဲ့သည်။ NIB သည် ဘောပင်များကို မထုတ်လုပ်ဖူးသော်လည်း ထိုစိန်ခေါ်ချက်ကို လက်ခံပြီး၊ ၁၉၆၇ မှစ၍ မျက်မမြင် စက်ရုံအလုပ်သမားများသည် စစ်မှုထမ်းများ တွင်ကျယ်စွာ အသုံးပြုသော ထိုစာရေးကရိယာကို သတ်မှတ်စံချိန်အတိုင်း ထုတ်လုပ်ပေးခဲ့သည်။ ထိုဘောပင်များကို ပြောင်းပြန်ထား၍ ‌ရေးသားနိုင်သည်၊ မင်ရည်ကို တစ်မိုင်အရှည်ထိ အသုံးပြုနိုင်ပြီး ပြင်းထန်သော အပူချိန်ဒဏ်ကို ခံနိုင်ရည်ရှိပြီး မပျက်စီးပါ။

လူသားတစ်ယောက်စီသည် ဘုရားသခင်၏ပြည့်စုံသော သတ်မှတ်ချက်များဖြင့် ဖန်ဆင်းခြင်းခံရကြောင်း “ထိုသို့ ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ ... လူယောကျ်ား…